၁၃၈၄ ခုနှစ်၊ စာဆို​တော်​နေ့ အထိမ်းအမှတ်ဖြင့် သာကေတမြို့နယ်တွင် Talk Show ဆွေးနွေးပွဲ​ ဆောင်ရွက်

သာ​ကေတ နိုဝင်ဘာ ၂၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ယနေ့တွင် ကျရောက်သည့် စာ​တော်​နေ့ကို ကြိုဆိုဂုဏ်ပြု​​သောအားဖြင့် စာဆိုတော်နေ့ အထိမ်းအမှတ်  Online Talk Show ဆွေးနွေးပွဲကို ယနေ့​ နေ့လယ် ၁ နာရီအချိန်က သာ‌ကေတမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း​ပြောကြားပြီး၊ စာ​ရေးဆရာမ အင်ကြင်း​မေမှစာဆို​တော်​နေ့ ဖြစ်ပေါ်လာပုံ၊ စာဆို​တော်​နေ့ကို နတ်​တော်လဆန်းတစ်ရက်​နေ့အဖြစ် သတ်မှတ်ရန် မြန်မာနိုင်ငံ​စာ​ရေးဆရာများ အသင်းအမှု​ဆောင်အဖွဲ့နှင့် စာ​ပေဆိုင်ရာ ပုဂ္ဂိုလ်များက ညှိနှိုင်းသတ်မှတ်ခဲ့ခြင်းဖြစ်​ကြောင်း၊ စာဆို​တော်​နေ့​ရောက်တိုင်းပညာရှိစာဆို အမတ်ကြီးဦး​ပေါ်ဦးအား ဂုဏ်ပြုသကဲ့သို့ သက်ရှိစာဆို​တော်ကြီးများကိုလည်း ပူ​ဇော်ခြင်းအားဖြင့်​ နောက်နှစ်များတွင် စာဆို​တော်​နေ့ အထိမ်းအမှတ်ပွဲများ ကျင်းပမှုအ​ကြောင်း အရာများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးကာ Talk Show ဆွေးနွေးပွဲအား ရုတ်သိမ်းခဲ့​ကြောင်း သိရသည်။

မို့မို့သူ(ပြန်/ /ဆက်)