ဂွမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်

ဂွ နိုဝင်ဘာလ  ၂၃

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Doses ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် Phase-17 ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးရာတွင် နိုဝင်ဘာလ (၂၂) ရက်နေ့က ကိုဗစ်ကာကွယ်ဆေး Booster Doses Myancopharm  ပထမအကြိမ်တွင် (၃၀) ဦးနှင့် ဒုတိယအကြိမ် (၁၂၂) ဦးတို့ကလည်းကောင်း၊ Sinovac Phase-17 ပထမအကြိမ်တွင် (၃) ဦးနှင့် Myancopharm Phase-17 ပထမ အကြိမ်တွင် (၁) ဦးတို့ကလည်းကောင်း သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် လာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း စသည့်ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ ပုံမှန်အခြေအနေရှိသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ထိုးနှံပြီးသည့်သူများအား မိနစ် (၃၀) ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်