မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇ / ၂၀၂၂) အစည်းအ​ဝေးသို့  ပြည်နယ်၀န်ကြီးချုပ်တက်​ရောက်

​မော်လမြိုင် နိုဝင်ဘာ ၂၄

မွန်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၂) အစည်းအ​ဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်း ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စိုက်ပျိုး​ရေးကိုအ​ခြေခံသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ စိုက်ပျိုးလယ်ယာမြေများအား စပါးနှင့် ဆီထွက်သီးနှံများ ဆက်လက်စိုက်ပျိုးလုပ်ကိုင်နိုင်​ရေး အ​လေးထား​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် ​မြေရိုင်းများ လုပ်ပိုင်ခွင့်၊ လယ်ယာ​မြေများအား အခြားနည်းအသုံးပြုခွင့်များ တင်ပြ​​လျှောက်ထားလာမှုများအ​ပေါ် ​မြေယာစီမံခန့်ခွဲမှုများကို ဥပ​ဒေနည်းဥပ​ဒေများနှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်​ကြောင်း၊ ​ကျေးရွာများအတွင်းရှိ လယ်ယာ​မြေများ​ပေါ်တွင် စိုက်ပျိုးထားမှုမရှိဘဲ အ​ကြောင်းမဲ့ လှပ်​မြေများမဖြစ်​စေ​ရေး၊ သီးနှံများအား စနစ်တကျ စိုက်ပျိုးကြ​စေ​ရေး ထိန်းသိမ်းကြပ်မတ်​ဆောင်ရွက်ကြရန် အ​ရေးကြီးကြောင်း၊ ​စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေး လုပ်ကိုင်​ဆောင်ရွက်ခွင့်ရရှိ​ရေး တင်ပြချက်များနှင့် စပ်လျဉ်း၍ အမှန်တကယ် ဆောင်ရွက်ကြရန် လိုအပ်သလို၊ သတ်မှတ်ကာလအတွင်း ပြီးစီး​စေ​ရေး ဆောင်ရွက်သွားကြရန်လည်း လို​အပ်ကြောင်း အမှာစကား​ပြောကြား ခဲ့သည်။

ထို​နောက် ပြည်နယ်လယ်ယာ​မြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းမှ မွန်ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံပြုခွင့်​လျှောင်ထားခြင်း၊ လယ်မြေကို အခြားနည်းအသုံးခွင့် လျှောက်ထားခြင်းနှင့် သီးနှံပြောင်းလဲ စိုက်ပျိုးခွင့် လျှောက်ထားလာခြင်းနှင့် ပတ်သက်၍ စိစစ်​ဆောင်ရွက်ထားရှိမှု အ​ခြေအ‌နေတို့အား ရှင်းလင်းတင်ပြခဲ့ပြီးကော်မတီဝင်များကဖြည့်စွက်  ဆွေးနွေးတင်ပြကြ​ခဲ့အမှုအ​ပေါ် ပြည်နယ် ဝန်ကြီးချုပ်ကပေါင်းစပ်ညှိနှိုင်း​ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်