သံဖြူဇရပ်၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံဖြူဇရပ်    နိုဝင်ဘာ၂၄

မွန်ပြည်နယ်၊ မော်မြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌လူကုန်ကူးမှုလျော့နည်းကျဆင်းစေရေးအတွက် သံဖြူဇရပ်မြို့နယ် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံးခန်း၌  ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က လူကုန်ကူးမှုလုပ်ငန်းများ မဖြစ်ပေါ်စေရေး အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် မြို့နယ်အဆင့် လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်၍ မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးပူးပေါင်းဆောင်ရွက်ကြစေရေး၊ ​မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ လူကုန်ကူမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်စေရေးနှင့် မြို့နယ်လူကုန်ကူးမှုတားဆီး နှိမ်နင်း ရေးလုပ်ငန်းစဥ်များကို ချပြရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်မြို့နယ် ဥပဒေအရာရှိက မြို့နယ်အတွင်း ဖြစ်ပွားခဲ့မှုအခြေအနေများနှင့်ဆောင်ရွက်ရမည့်လုပ် ငန်းများကိုဆွေးနွေးပြီး၊ မြို့နယ်ပညာရေးမှူးမှ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်မည့်အစီအမံများကိုဆွေးနွေးကာ၊ တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှ လည်းကဏ္ဍ အလိုက် တင်ပြဆွေးနွေးကြရာ မြို့နယ်တာဝန်ရှိသူမှလည်း ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)