မရမ်းကုန်းမြို့နယ်၌ ​ရှေးဦးသူနာပြုစုနည်း အ​ခြေခံသင်တန်းအမှတ်စဉ် (၅/၆) ဖွင့်လှစ်

မရမ်းကုန်း နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကြက်​ခြေအနီအသင်းခွဲမှ ကြီးမှူး၍ ​ရှေးဦးသူနာပြု အ​ခြေခံသင်တန်းအမှတ်စဉ် (/)ကို ယ​မန်​နေ့နံနက်ပိုင်းက အမှတ်() အ​ခြေခံပညာ အထက်တန်း​ကျေားင်းနှင့် အမှတ်() အ​ခြေခံပညာအလယ်တန်း​ကျောင်းတို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ကြက်​ခြေနီအ​ကြောင်းသိ​ကောင်းစရာ၊ ​ရှေးဦးပြုစုနည်းအ​ခြေခံသ​ဘော တရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ​ရှေးဦးပြုစုခြင်း၊​ သွေးဆုတ်​သွေးလန့်ဖြစ်ခြင်း၊ မူးဝေသတိလစ်ခြင်း၊ သတ္တဝါများကိုက်ခြင်း၊ အရိုးကျိုးခြင်းအဆစ်လွဲခြင်း၊ ​အခြေခံ အသက်ကယ် အ​ထောက်အကူပြုနည်း၊ ကိုင်တွယ်ခြင်းနှင့် သယ်​ဆောင်နည်းများ အစရှိသည့် အ​ကြောင်းအရာများကို တာဝန်ရှိသူများက သင်ကြား​ပေးခဲ့ရာ ​​ကျောင်းသား၊​ ကျောင်းသူ စုစုပေါင်း (၁၈၅)ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)