မော်လမြိုင် နိုဝင်ဘာ ၂၄
မွန်ပြည်နယ်အတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအားတီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့် ထုတ် ကုန်များအားဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက် နိုင်မှုဖြင့် အလားအလာကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းက မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာရှိ ဒေသ ခံ လုပ်ငန်းရှင် ဦးသိန်းတန်၏ အငယ်စား ရော်ဘာကြိတ်ခွဲလုပ်ငန်းနှင့် ရော်ဘာမှိုင်းခံရုံသို့ သွားရောက်၍ ရော်ဘာထုတ်ကုန်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြည်နယ်အတွင်းအဓိကထွက်ရှိသည့် ရော်ဘာထုတ်ကုန်များကို နိုင်ငံတကာမှ အဆင့်မီအသိအမှတ်ပြု လာစေရေးအတွက် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ကြရန်နှင့် မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးနိုင်ခြင်းဖြင့် ရော်ဘာစေးအထွက် နှုန်းကောင်းမွန် လာစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ မော်လမြိုင်မြို့နယ်၊ ကြားအင်းကျေးရွာရှိ “ကိုး” အအေးခန်း ထုတ်ကုန် သိုလောင်ရုံသို့ သွားရောက်၍ ဒေသထွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များကို ရေရှည်ထား ရှိ အသုံးပြုနိုင်ရန် အအေးပေးစနစ်ဖြင့် ထုတ်လုပ်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)