သရက်ခရိုင် ပြည်သူ့ဆေးရုံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆေးရုံသုံးပစ္စည်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများပေးအပ်လှူဒါန်း

သရက် နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး သရက်ခရိုင်ပြည်သူ့ဆေးရုံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆေးရုံသုံးပစ္စည်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ လှူဒါန်းသော Patient Monitor (၁)လုံး၊ Oxygen Concentrator (10 L) (5)လုံး ၊ Face Shield (၁၀၀)ခုအား PPE(၆)စုံ၊ Surgical Gown (၂၀)စုံ တို့ကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းခွဲ (သရက်)မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လာရောက်လှူဒါန်းရာ သရက်ခရိုင် ဆရာဝန်ကြီးနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဆရာဝန်၊ သူနာပြုများက လက်ခံပေးခဲ့ပြီး ခရိုင်ဆရာဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)