မိုင်းဆတ်မြို့၌ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

မိုင်းဆတ် နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ(၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်က ဒေသခံအမျိုးသမီးများအနေဖြင့် အိမ်တွင်းမှု အသက်မွေးဝမ်းကြောင်း အထောက်အကူဖြစ်စေရန်နှင့် မိသားစုအပိုဝင်ငွေ တိုးပွားလာစေရေးအတွက် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းကို အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်ကလျာနီက မြို့ပေါ်ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူများအား တစ်ရက်တာသင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)