ကျွန်းလှ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ မြို့မစည်ပင်သာယာဈေးကြီး၌ ယနေ့နံနက် ၈ နာရီက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဈေးဆိုင်များတွင်ထားရှိသည့် မီးသတ်ဆေးဗူးများ ကောင်းမွန်ရေး၊ လျှပ်စစ် မီးဘုတ်ခုံများနှင့် မီးကြိုးများ စနစ်တကျသွယ်တန်းထားရေး၊ ရေကန်များ ရေဖြည့်ထားခြင်း၊ ရေငုတ်တိုင်များ အသုံးပြုနိုင်ခြင်း၊ မီးချိတ်မီးကပ်စသည့် မီးကြိုတင်ကာကွယ်ရေး ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို စစ်ဆေးခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင် မျိုးသန့်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်လင်းဟန်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ဈေးကော်မတီများနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ဈေးဆိုင်ပိုင်ရှင်များအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)