မြောင်းမြမြို့၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ

မြောင်းမြ နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်း​ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို အ..က () ပညာရတနာခန်းမတွင် ယနေ့နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြောင်းမြမြို့နယ် ကြက်ခြေနီ အသင်း(ခွဲ)ဥက္ကဋ္ဌ ဒေါက်တာစိုးသက်က သင်တန်းဆင်း အမှာစကား ပြောကြားပါသည်။ ထို့နောက် သင်တန်း သားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ပြီး သင်တန်းတွင် ပထမဆုရရှိသော အ..က () မှ မအိမ့်မှူးသဇင်၊ ဒုတိယဆုရရှိသော အ..က () မှ မရည်မွန်အောင်၊ တတိယဆုရရှိသော အ..က ()မှ မမြင့်မြင့်ဌေးတို့ကို ဆုများ ချီးမြှင့်ပါသည်။ အဆိုပါအခမ်းအနားကို မြောင်းမြခရိုင် ကြက်ခြေနီအသင်း တပ်ဖွဲ့မှူး ဦးစန်းဝင်း၊ မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဒေါက်တာစိုးသက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာကျောင်းများမှ  သင်တန်းသား သင်တန်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)