ချောက်​မြို့၌ မြို့နယ်အဆင့် လူရည်ချွန်စာ​မေးပွဲစတင်​ဖြေဆို

ချောက် နိုဝင်ဘာ

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ် အမှတ်(၁)အ​​ခြေခံပညာအထက်တန်း​ကျောင်း၌ ယမန်​နေ့နံနက် (၉)နာရီအချိန်က မြို့နယ်အဆင့်လူရည်ချွန်စာ​မေးပွဲ စတင်ဖြေဆိုလျက်ရှိရာ ခရိုင်ပညာ​ရေးမှူး ဦးမန်း​အောင်၊ မြို့နယ်ပညာ​ရေးမှူး​ ဒေါ်ခင်​လေးဖြူတို့က အနီးကပ် ကြီးကြပ်​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်အဆင့် လူရည်ချွန်စာ​မေးပွဲအား Grade - 9 (အဠမတန်းသင်ရိုး​ဟောင်း)၊ Grade - 10 Grade – 11 ကျောင်းသား /သူများ ဝင်​ရောက်ဖြေဆိုကြပြီး ယမန်နေ့မှစ၍ နိုဝင်ဘာ ၃၀ရက်​နေ့အထိ သုံးရက်တိတိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  နိုဝင်ဘာ ၂၈ရက်​နေ့ နံနက်ပိုင်းတွင် မြန်မာစာ၊ နေ့လယ်ပိုင်းတွင်  အင်္ဂလိပ်စာနှင့် နိုဝင်ဘာ ၂၉ ရက် ​ နံနက်ပိုင်းတွင် သင်္ချာ + အ​ထွေ​ထွေဗဟုသုတနှင့် နေ့လယ်ပိုင်းတွင် နှုတ်​မေးနှုတ်​ဖြေကိုလည်း​ကောင်း၊ နိုဝင်ဘာ ၃၀ ရက်​နေ့တွင် လူရည်ချွန်စာ​မေး​ပွဲ​ဖြေဆိုသည့် ကျောင်းသား/သူများအားလုံးကို  နံနက် ၇ နာရီကစ၍ ကိုယ်ကာယကြံခိုင်​ရေးစစ်​ဆေးသွားမည်ဖြစ်​​ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်စာ​မေးပွဲတွင် Grade - 9 (အဠမတန်းသင်ရိုး​ဟောင်း) ကျောင်းသား ၁၀ ဦး၊​ ကျောင်းသူ ၁၃ ဦးGrade - 10 ကျောင်းသား ၁၆ ဦး၊​ကျောင်းသူ ၁၅ ဦး၊ Grade - 11​ ကျောင်းသား ၁၂ ဦး၊​ ကျောင်းသူ ၁၄ ဦး၊ စုစု​ပေါင်း ကျောင်းသား/သူ  ၈၀ဦးတို့​​ဝင်ဖြေဆိုခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)