ရွှေကျင် နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က အ-ထ-က(ရွှေကျင်) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကို (၂၈-၁၁-၂၀၂၂) ရက်နေ့မှ (၃၀-၁၁-၂၀၂၂) ရက်နေ့ထိ (၃)ရက် ဖြေဆိုရမည်ဖြစ်ပြီး ယနေ့ (၂၈-၁၁-၂၀၂၂) ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ (၂၉-၁၁-၂၀၂၂)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့ နှုတ်မေး/နှုတ်ဖြေ၊ (၃၀-၁၁-၂၀၂၂)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု၊ ယုံကြည်မှုစစ်ဆးခြင်းဘာသာရပ် တို့ဖြေဆို ရမည်ဖြစ်သည်။
ရွှေကျင်မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-11၊ Grade-10၊Grade-9 တို့မှ ကျောင်းသား (၂၁)ဦး၊ ကျောင်းသူ (၂၂)ဦး စုစုပေါင်း(၄၃)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)