တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအစည်းအဝေး (၁/၂၀၂၂)သို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအစည်းအဝေး(၁/၂၀၂၂)ကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဝိုင်းမော်မြို့နယ်၌ ဆီထွက်သီးနှံနေကြာနှင့် ရာသီသီးနှံစိုက်ခင်းများအား ကြည့်ရှုစစ်ဆေး၊ မျိုးစေ့များ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သင်းအောင်၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက နိုဝင်ဘာ ၂၇ ရက်က ဝိုင်းမော်မြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာစိုက်ပျိုးထားရှိမှု အခြေအနေနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ဒေသခံ တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် တောင်ကျရေတိုက်စား၍ ပျက်စီးခဲ့သည့် တောင်လှချောင်းတံတား ကတ္တရာ ချဉ်းကပ်လမ်းများအား ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ပျက်စီးခဲ့သည့် လမ်းတံတားများအား မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ဖျောက် ဆိပ်ပင်-ရဲရွာလမ်းတွင်ရှိသော တောင်ကျရေတိုက်စား၍ ပျက်စီးခဲ့သည့် တောင်ကျချောင်းတံတား ကတ္တရာချဉ်ကပ်လမ်းများအား ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့သစ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ယမန်မနေ့နံနက်(၁၀)နာရီချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင်ပြုလုပ်ရာ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

တပ်ကုန်းမြို့နယ်တွင် မေမြို့ပန်းစိုက်တောင်သူများ ထယ်ရေး၊ ထွန်ရေး ပြုပြင်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်၊ မြေအောက်ရေများ အသုံးပြုပြီး၊ ဆောင်းသီးနှံပန်းများ စိုက်ပျိုးရန်အတွက် ပန်းစိုက်တောင်သူတစ်ချို့ မေမြို့ပန်းစိုက်ပျိုးရန် ထယ်ရေး၊ ထွန်ရေးပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကိုကျင်းပရာ ကော်မတီတွင်ပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲအား နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ရတနာပုံတက္ကသိုလ်၌ လူငယ်ရေးရာဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ရတနာပုံတက္ကသိုလ်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန် ကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံ တက္ကသိုလ်နှင့်ပူးပေါင်းကျင်းပသော လူငယ်ရေးရာဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

မိုင်းလုံမြို့  လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမ၌ "ခဲဆိပ်အန္တရာယ်" စာအုပ်ဖြင့် ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန  ( Community  Centre)  ခန်းမတွင် လူငယ်များက စာရေးဆရာ ဒေါက်တာ ဦးလှကြည်(ကလေးကျန်းမာရေး)က ရေးသားသော "ခဲဆိပ်အန္တရာယ်" စာအုပ်ဖြင့်  ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲခန့်က ဆောင်ရွက်ခဲ့သည်။
Subscribe to