သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ

သနပ်ပင် နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က အထက(သနပ်ပင်)အခြေခံပညာအထက်တန်းကျောင်း၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ  လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို  (၂၈-၁၁-၂၀၂၂)ရက်နေ့မှ (၃၀-၁၁-၂၀၂၂)ရက်နေ့ထိ (၃)ရက် ဖြေဆိုရမည်ဖြစ်ပြီး (၂၈-၁၁-၂၀၂၂)ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ (၂၉-၁၁-၂၀၂၂)ရက်နေ့တွင်  အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်မေးနှုတ်ဖြေ၊ (၃၀-၁၁-၂၀၂၂)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု ယုံကြည်မှုစစ်ဆးခြင်းဘာသာရပ်တို့ ဖြေဆိုရမည်ဖြစ်သည်။

သနပ်ပင်မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား မြို့နယ်အတွင်းရှိ (၇)ကျောင်းတို့မှ  (Grade-11)၊ (Grade-10)၊ (Grade-9) ကျောင်းသား၊ ကျောင်းသူ  ကျား(၁၇)ဦး၊ မ(၁၆)ဦး  စုစုပေါင်း(၃၃)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)