ရေတာရှည်မြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းဆောင်ရွက်

ရေတာရှည်  နိဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့ နယ်တွင် အခြေခံပညာဦးစီးဌာန၏ စီမံမှုဖြင့် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍  အခြေခံပညာအထက်တန်းကျောင်း(​ရေတာရှည်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ  လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းမှာ ကျောင်းသူး/သားများ ထူးချွန်ထက်မြက် လာစေရန်၊ တွေးခေါ်မှုမြင့်မားလာစေရန်၊ ဘက်စုံပညာထူးချွန်သည့် ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းအား ​​ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ Grade - 9 မှ ကျောင်းသား/​​ကျောင်းသူ (၁၂)ဦး၊ Grade - 10 ကျောင်းသား/ကျောင်းသူ (၁၄)ဦး၊ Grade - 11မှ ကျောင်းသား/ကျောင်းသူ (၁၄)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ (၄၀)ဦး တို့မှ ထူးချွန်စွာပါဝင် ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာ​​ရေးမှူးရုံးမှ သိရသည်။

​​ရေတာရှည်(ပြန်/ဆက်)