မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းကို ပေါက်တောရွှေမြေ အားကစားကွင်းကြီး၌ပြုလုပ်

ပေါက်တော  နိုဝင်ဘာ  ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၈ နာရီက ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ​ပေါက်တောရွှေမြေအားကစားကွင်းကြီး၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့မှစတင်၍ မြန်မာစာ၊ အင်္ဂလိပ်စာရေးဖြေစစ်ဆေးခြင်း၊ အထွေထွေ ဗဟု သုတနှင့်လူတွေ့စစ်ဆေးမှုများအား စတင်စစ်ဆေးခဲ့ကြသည်။​ ပေါက်တော​မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး၊ ဒသမတန်း ကျောင်းသား၊ကျောင်းသူ ၁၂ ဦးနှင့် ဧကာဒသမတန်းမှ ကျောင်း သား၊ ကျောင်းသူ ၁၀ ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)