သံတွဲ နိုဝင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများနှင့် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အခက်အခဲနှင့်အောင်ပွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မလင်းလက်ချိုက စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် အခက်အခဲနှင့်အောင်ပွဲ စာအုပ်မှ “အခက်အခဲနှင့်အောင်ပွဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကောင်းခန့်လှိုင်က “ကျောက်ဆောင်သည် မုန်တိုင်းကိုမမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယွန်းစန်းမီက “ကျေးဇူးပြုသူဖြစ်စေချင်” ၊ မခင်သော်တာလင်းက “ဂုဏ်ယူလိုက်ပါဆရာရယ်” ခေါင်းစဉ်များဖြင့် အသီးသီးကြားဆွေးနွေးခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ခေါင်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည်ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Talk Show များ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ခရိုင် (ပြန်/ဆက်)