သပိတ်ကျင်းမြို့လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူ( Book-Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

သပိတ်ကျင်း  နိုဝင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့လူ ထုအခြေပြုဗဟိုဌာန( Community-Centre)ခန်းမတွင်ယနေ့နံနက်( ၁၀) နာရီက စာပေချစ်မြတ်နိုးသူ(Book-Club)အဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း ပြီး စာရေးဆရာချစ်နိုင်( စိတ်ပညာ)ရေးသားသည့် "နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက စာပေချစ်မြတ်နိုးသူများ စာအုပ်စာပေကောင်းများဖတ်ရှူ့ခြင်းဖြင့် အတွေး အမြင်စိတ်ကူးနယ်ပယ်များကို ချဲ့ထွင်နှိုင်ပြီး အောင်မြင်ကျော်ကြားသောပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများကိုဖတ်ရှူ့ပြီး အိပ်မက်များကို အကောင်အထည်ပေါ်အောင် ကျားကုတ်ကျားခဲ အားထုတ်မှုများ၊ အားတက်ဖွယ်ရာများတွေ့ရှိနိုးထလာစေရန်ရည်ရွယ်ပြီး စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူ(Book- Club)အဖွဲ့ဝင် ဦးဖြိုး ကျော်ကျော်က ချစ်နိုင်( စိတ်ပညာ)ရေးသားသည့် "နေ့သစ်တိုင်းမှာ အောင်မြင်ခြင်းစာအုပ်မှ ခေါင်းဆောင်များ၏ အခန်းကဏ္ဍများခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ယဥ်နီလာအေး(လုပ်သားရုပ်သံ)က ခွန်အားလေးပါးခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ ဆွေးနွေးမှုများအပေါ် ပြန်လည် သုံးသတ်ဆွေးနွေးခဲ့ကြသည်။

သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်များအသိပညာ ဗဟုသုတတိုးပွားရေး၊ စာပေချစ်မြတ်နိုးသူ (Book Club)အဖွဲ့ဝင်များတိုးပွားရေးအတွက် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)