စဉ့်ကူးမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်       

စဉ့်ကူး နိုဝင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို စဉ့်ကူးမြို့စည်ပင်သာယာဈေးအတွင်းနှင့် စဉ့်ကူး-ရွှေဘို လမ်းဆုံနေရာတို့တွင် ယနေ့နံနက်(၇)နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော စုစုပေါင်းအင်အား(၃၇)ဦးတို့က စဉ့်ကူးမြို့ စည်ပင်သာယာဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်များ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များအား လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး စဉ့်ကူး-ရွှေဘို လမ်းဆုံနေရာတွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား Mask များနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ကိုဗစ်-၁၉ရောဂါနှင့် အတူယှဉ်တွဲနေရာတွင် တစ်ကိုယ်ရေ ကျန်းမာရေးကို စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်ခံရပါက အသက်အန္တရာယ်ဆုံးရှုံးနိုင်ခြေပိုမိုများပြားသည့် သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အဆုတ်၊ ကင်ဆာရောဂါအခံတစ်ခုခု ရှိသူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံမှုခံယူကြရန်၊ အသက် (၅)နှစ်အထက် ပြည်သူများအားလုံး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ခြောက်လပြည့်ပါက ထက်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းတို့ကို နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ပြည်သူများအားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါရန်တို့ကိုလည်း အသိပညာပေးပြောကြားခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်