ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှိ Mini Museum ပြတိုက်ငယ်သို့ ကျောင်းသား/သူများလာရောက်လေ့လာ

ပေါက်တော နိုဝင်ဘာ ၃၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခင်းကျင်းပြသထားသော Mini Museum ပြတိုက်ငယ်သို့ ပေါက်တောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက ယနေ့ နံနက်ပိုင်းတွင် လာရောက်လေ့လာကြသည်။

ပြတိုက်ငယ် Mini Museum သို့ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာရာတွင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ပြတိုက်ငယ် Mini Museum တွင် ခင်းကျင်းပြသထားသော မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရခိုင်တိုင်းရင်းသားများ၏ရိုးရာပွဲတော်များ၊ ဓညဝတီခေတ်မှမြောက်ဦးခေတ်အထိရခိုင်ဗောင်းတော်များ၊ ရခိုင်ဘုရင်များခေတ်အဆက်ဆက်အသုံးပြုခဲ့သည့်ရခိုင်ဒင်္ဂါးများ၊ ရခိုင်တိုင်းရင်းသားယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းများ၊ ရခိုင်တိုင်းရင်းသားတို့၏ လက်မှုအနုပညာပစ္စည်းများ၊ ရခိုင်ဘာသာဖြင့်ထုတ်ဝေထားသော ဘုရားသမိုင်းများ၊ မြို့နယ်အတွင်းရှိ အထင်ကရ ဂူဘုရားသမိုင်းများအကြောင်းများကို ရှင်းလင်းပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြသည်။

ဝင်းမင်းစိုး