အမရပူရမြို့၌ လူငယ်စကားဝိုင်း ကျင်းပ

အမရပူရ နိုဝင်ဘာ ၃၀

အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် ရည်ရွယ်၍ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း၊ အမရအောင်မြေခန်းမ၌ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်၁ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အုန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ဆက်လက်ပြီး Moderator အဖြစ် ဆောင်ရွက်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှ က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် စာအုပ် စာပေများဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို  ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကာ ဦးဆောင်ဆွေးနွေးမည့်သူများနှင့် မိတ်ဆက်ပေးသည်။ ယင်းနောက် လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့် မောင်သန်းမြတ်စိုး (Gread-11)က လည်းကောင်း၊ လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်ဖြင့် မောင်ပြည့်ဖြိုးမောင်(Gread-10)ကလည်းကောင်း၊ လူငယ်နှင့် ဉ်ကျေးမှုခေါင်းစဉ်ဖြင့် မောင်ငယ် (Gread-10) ကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် မမေဖြိုးသန့် (Gread-10) ကလည်းကောင်း အသီးသီးဆွေး နွေးခဲ့ရာ ဦးစီးအရာရှိက ဖြည့်စွတ်ဆွေးနွေးပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသူကျောင်းသားများက ခေါင်းစဉ်အလိုက် ဆွေးနွေးမှုများမှ သိရှိလိုသည် များကိုမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ယနေ့ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူ လေးဦးကို ဦးစီးအရာရှိ ဒေါ်တင်တင်လှက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)