ပြည် နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကားကြီးဂိတ်ကြီးဝန်း၌ ယနေ့နံနက် ၈ နာရီက New ဧရာသစ္စာ ယာဉ်လိုင်းအသစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးမျိုးမင်းမင်းနှင့် နယူးဧရာသစ္စာ ယာဉ်လိုင်းဥက္ကဋ္ဌဦးကျော်လွင်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယူးဧရာသစ္စာ ယာဉ်လိုင်းမှဥက္ကဋ္ဌနှင့်ဝန်ထမ်းများ တက်ရောက်ကြပြီး အဆိုပါနယူးဧရာသစ္စာယာဉ်လိုင်းသည် ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက်ရည်ရွယ်ပြီး ပြည်-ပဲခူးခရီးစဉ်အား နံနက် ၆ နာရီတွင်လည်းကောင်း၊ ပဲခူး-ပြည် ခရီးစဉ်အား နံနက် ၈ နာရီတွင်လည်းကောင်း၊ ပြည်-နေပြည်တော်ခရီးစဉ်အား နံနက် ၈ နာရီ ၃၀ မိနစ်တွင်(၁)ကြိမ်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် (၁)ကြိမ်၊ နေပြည်တော်-ပြည် ခရီးစဉ်အား နံနက် ၇ နာရီခွဲတွင်(၁)ကြိမ်၊ ညနေ ၃ နာရီတွင် (၁)ကြိမ် ပြေးဆွဲမည်ဖြစ်ပြီး သာယာဝတီ၊ တောင်ငူ၊ ဖြူး၊ မင်းလှ၊ ကြံခင်း၊ မြန်အောင် မြို့များသို့လည်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်