မိတ္ထီလာ နိုဝင်ဘာ ၃ဝ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြပွဲတွင် ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့မဈေးကြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးရုံများတွင် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက မီးသတ်ရေယာဉ်များမှမီးသတ်ရေပိုက်များဖြင့် မီးငြှိမ်းသတ်နည်းများနှင့် မီးသတ်ဆေးဗူးများဖြင့် မီးငြှိမ်းသတ်နည်းများလက်တွေ့သရုပ်ပြခြင်းဆောင်ရွက်သည်။ ၎င်းမီးငြှိမ်းသတ် နည်းလက် တွေ့သရုပ်ပြရာနေရာ သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ အဖွဲ့ဝင်ဦးကျော်ဇေယျ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်အောင်လေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဦးမျိုးထက်ဇော်၊ ဈေးအကျိုးဆောင်ကော်မတီအဖွဲ့ဝင်များ၊ ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။ မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲ ကျင်းပပြီးနောက် မြို့မဈေး၊ ဗဟိုဈေးကြီးနှင့် ပိတောက်မြိုင်ဈေးများအတွင်းရှိ မီးသတ်ရေငုတ်များ၊ မီးသတ် စက်ရုံများနှင့် မီးငြှိမ်းသတ်ရေး ရေလှောင်ကန်များ အဆင်သင့်ရှိစေရန်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေ အနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ချမ်းသာ