မင်းလှမြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းဘာသာရပ်စာမေးပွဲပြုလုပ်

မင်းလှ နိုဝင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပညာရေးဌာနမှ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းဘာသာရပ်စာမေးပွဲကို မြို့နယ်အောင်တံခွန်အားကစားကွင်း၌ ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ကျင်းပသည်။

အဆိုပါလူရည်ချွန်စာမေးပွဲကို ခရိုင်ပညာရေးဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်း၊ မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်သန်းဌေးနှင့် ကြီးကြပ်ရေးမှူးဒေါ်ခင်စန်းဝင်းနှင့် ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်၍ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ရာ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းမှ Grade-9 တွင် ကျောင်းသား(၁၃)ဦး၊ ကျောင်းသူ(၁၄)ဦး၊ Grade-10 တွင် ကျောင်းသား(၇)ဦး၊ ကျောင်းသူ(၇)ဦး၊ Grade-11 တွင် ကျောင်းသား(၇)ဦး၊ ကျောင်းသူ(၇)ဦး စုစုပေါင်း(၅၅)ဦးတို့  ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)