ပလောက် ဒီဇင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ဗဟိုလမ်း၌ (နယူးစတိုင် ဆန်နှင့်ကွမ်းယာပစ္စည်း ကုန်မျိုးစုံဆိုင်) တစ်ဆိုင်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်က ဝါယာကြိုး ရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဗဟိုလမ်းရှိ (နယူးစတိုင် ဆန်နှင့်ကွမ်းယာပစ္စည်း ကုန်မျိုးစုံဆိုင်) တစ်ဆိုင်တွင် ဝါယာကြိုးရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်ရာသို့ ပလောက်မီးသတ် ဒုဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ ပလောက်တပ်နယ်မှ ဗိုလ်မှူး အောင်ကျော်သူနှင့်အဖွဲ့ဝင်များ၊ ပလောက်နယ်မြေရဲစခန်းမှ ရဲအုပ်စိုးနိုင် ဦးဆောင်သောအဖွဲ့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် လုံခြုံရေးတပ်ဖွဲ့ ညဝင်များ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်း၌ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း ပလောက်နယ်မြေမီးသတ်ဦးစီးဌာနမှ သိရသည်။
ပလောက် (ပြန်/ဆက်)