စေတုတ္တရာ ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်ဆီကုန်သည်များ အသင်းမှဦးဆောင်၍ အခြေခံစားကုန်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီက စည်ပင်သာယာဈေးအနောက်ဘက် ရွှေတောင်ပေါ်ဆီ အရောင်းဆိုင်တွင် ရောင်းချပေးခဲ့သည်။
ထိုသို့ စားသုံးဆီများ ရောင်းချပေးရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ အိမ်ထောင်စုများရယူ၍ ကာလပေါက်ဈေးထက် ဈေးနှုန်းလျှော့ချကာ စားသုံးဆီတစ်ပိဿာလျှင်(၇၂၉၅)ကျပ်နှုန်းဖြင့် အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူများအား တစ်အိမ်ထောင်လျှင် စားသုံးဆီတစ်ပိသာနှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသုံးဆီရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)