ငါန်းဇွန်မြို့၌ တတိယအကြိမ် မဲစာရင်းများ မှန်ကန်စေရေး စိစစ်

ငါန်းဇွန် ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် ၉ နာရီမှစ၍ တတိယအကြိမ် မဲစာရင်းများ မှန်ကန်စေရေး စိစစ်မှုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လဝက၊ မြို့နယ်ရပ်ကျေးကော်မရှင်အဖွဲ့ခွဲနှင့် ပါတီကိုယ်စားလှယ်များ ပူးပေါင်း၍ မပါဝင်သင့်မပါဝင်ထိုက်သူများ မပါဝင်စေရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်စေရေးအတွက် တတိယအကြိမ် ကြေညာမည့် မဲစာရင်းစိစစ်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)