ပခုက္ကူ ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲတွင် တာဝန်ကျထမ်းဆောင်မည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များမှ မြန်မာအီလက်ထရောနစ်မဲပေးစက်များ လက်တွေ့စမ်းသပ်စစ်ဆေးခြင်းကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမတွင် ကျင်းပဆောင်ရွက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ချိုခိုင်ဦးနှင့် ဝန်ထမ်းများက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲပေးစက်တည်ဆောက်ပုံများ၊ စက်ပစ္စည်းကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးနည်း၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြည်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက်များကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြသည်။
အဆိုပါ မဲပေးစက်များ လက်တွေ့စမ်းသပ်စစ်ဆေးခြင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၃ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးနှင့် ဝန်ထမ်းများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ တက်ရောက်ပြီး ရွေးကောက်ပွဲ၌ အသုံးပြုမည့် အီလက်ထရောနစ်မဲပေးစက်များအား စစ်ဆေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကယ်ရီမောင်