ဆင်ပေါင်ဝဲမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ မတ် ၃၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မီးဘေးသတိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး မီးဘေးသတိရှိရေး မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူများအနေဖြင့် နေအိမ်များတွင် မီးသတိပြုရန် မီးဘေးအန္တရာယ်ကာကွယ်ရန်အတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင်လည်း မီးဘေးလုံခြုံရေးအတွက် အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ ဆောင်ရွက်ကြရန်စသည့်တို့ကို မြို့ပေါ်ရပ်ကွက်နှင့် လမ်းဆုံများတွင်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းဝင်း ကြီးကြပ်မှုဖြင့် လက်ထောက် မီးသတ်ဦးစီးမှူး ဦးချစ်ထွေး ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ် မီးသတိပေးဆော်ဩခြင်းလုပ်ငန်းများ ​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)