ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်မြို့တွင် မဲရုံမှူး၊ဒုမဲရုံမှူးများ၏ ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းတွင် ကော့ကရိတ်ခရိုင်၊ ခရိုင်ရွေးကောက်ပွဲမရှင်အဖွဲ့ခွဲမှ လက်ထောက်ညွန်ကြားရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်တို့က ဆွေးနွေးပို့ချသည်။
၎င်းသင်တန်းသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပြီး ဒီဇင်ဘာလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)