ကျွန်းစု ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး (အရန်) ရွေးကောက်ပွဲဆိုင်ရာပညာပေး သင်တန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းကို စတင်ခဲ့သည်။
သင်တန်းတွင် မြို့နယ်အတွင်းရှိ မဲရုံများ၌ မဲရုံမှူး၊ ဒုမဲရုံမှူး အရန်အဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများအား မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်များနှင့်လုပ်ငန်းလက်စွဲများ၊ MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းများကို မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မို့မို့အေးနှင့်တာဝန်ရှိသူများက စာတွေ့၊ လက်တွေ့သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)