မိုးနဲမြို့နယ်၌ အခြေခံပညာကျောင်းများတွင် မဲရုံပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မိုးနဲ ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် မဲရုံပြင်ဆင်ထားရှိမှုအား လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ဒီဇင်ဘာ ၂၂ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်‌အောင်ကိုဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အ‌ရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်‌အောင်ကိုဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးစိုးလင်းအောင်၊ ဦးငိုပွယ်၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦး‌အေးလွင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပါဝင်သောအဖွဲ့များက မဲရုံအဖြစ် အသုံးပြုမည့် အဆောက်အအုံများဖြစ်သော ဝမ်ဟေ‌ကျေးရွာ မဲရုံအမှတ် (၁)၊ အမှတ် (၂)၊ လွိုင်ပြေရပ်ကွက်မဲရုံ အမှတ်(၁)၊ အမှတ် (၂) နှင့် နားခံကျေးရွာမဲရုံ အမှတ် (၁) တို့ ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကိုကိုဝင်းက မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြရာ ဒုတိယတိုင်းမှူးက မဲပေးစက်များ ကိုင်တွယ်အသုံးပြုမှုနှင့်စပ်လျဉ်း၍ ပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ မဲရုံလုံခြုံရေး အထူးဂရုပြုစီမံ‌ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)