ပန်းတောင်း ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင်စာရင်းများအား တတိယအကြိမ် ကပ်ထားကြေညာခဲ့ရာ ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆင်တဲအုပ်စု၊ ဆင်တဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် နတ်မောက်အုပ်စု၊ နတ်မောက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိ ဒုတိယအကြိမ်ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စု (၄၉) အုပ်စုတွင် တတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများအရ မဲပေးပိုင်ခွင့်ရှိသူ (၁၀၆၁၆၁) ဦးရှိပြီး လျာထားမဲရုံ (၁၂၁) ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်အိသဇင်ကျော်ထံမှ သိရှိရသည်။
လပြည့်လင်း(ပြန်/ဆက်)