ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်သူ့စစ်မှုထမ်းစစ်သည်များနှင့်အတူ အထူးနေ့လယ်စာစားပွဲ တက်ရောက်

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက နယ်မြေခံတပ်ရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်းစစ်သည်များနှင့်အတူ အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသမီး/အမျိုးသား ဘောလီဘောဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ယခုပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသမီး၊ အမျိုးသား ဘောလီဘောဗိုလ်လုပွဲစဉ်များနှင့် ဆုများချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့က တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ပူတာအိုခရိုင်အတွင်း မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် တတိယအကြိမ် အတည်ပြုပြီး မဲစာရင်းများကပ်ထား ကြေညာမှုများအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဒိန်ရထင်ဗေး၊ ဦးသိန်းစိုးနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းတို့နှင့်အတူ ဒီဇင်ဘာ(၂၅)ရက် နံနက်ပိုင်းက ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘောမြို့နယ်များတွင် မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် တတိယအကြိမ် အတည်ပြုပြီး မဲစာရင်းများ ကပ်ထားကြောငြာထားရှိမှုများအား ကွင်းဆင်းစစ်ဆေးသည်။

ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေနယ်မြေသို့ ပြည်တွင်းခရီးသွားဧည့် နှစ်သိန်းကျော်ဝင်ရောက်

ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကဝင်ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများသို့ ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိပြီး ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များအတွင်း ခရီးသွားဘုရားဖူး နှစ်သိန်းကျော်ဝဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ရှိသူများထံက သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာ ကျိုက်ဒိုးတောရကျောင်းတိုက်၏ (၁၂၅) နှစ်ပြည့် အထိမ်းအမှတ်နှင့် (၈၄) ကြိမ်မြောက် ဓမ္မဝိနယစာတော်ပြန်ပွဲ အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာ ကျိုက်ဒိုးတောရကျောင်းတိုက်၏ (၁၂၅) နှစ်ပြည့်အထိမ်းအမှတ်နှင့် (၈၄) ကြိမ်မြောက် ဓမ္မဝိနယစာတော်ပြန်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်လမ်းကျေးရွာ ကျိုက်ဒိုးတောရကျောင်းတိုက် ထေရာသနကျောင်းဆောင်၌ ကျင်းပပြုလုပ်ရာ ဦးစွာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိသတ်တို့က အခမ်းအနားကိုနမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ရွှေကျင်နိကာယ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သက္ကယ်တောင်ကျောင်းတိုက်တော်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဉာဏ်ဏဓဇထံမှ သီလတော်မြတ်များ ခံယူဆောက်တည်ခဲ့ကြသည်။

မိုင်းပျဉ်းမြို့၌ နယ်လှည့် ပြည်သူ့ဆက်ဆံရေး ကပြဖျော်ဖြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၌  ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ် (၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲ ပြဇာတ်တပ်စုမှ  မိုင်းပျဥ်းမြို့ရှိ တပ်ရင်းတပ်ဖွဲ့မိသားစုများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ စိတ်အပန်းဖြေ ပျော်ရွှင်စေရေး လာရောက်သီဆိုကပြဖျော်ဖြေပွဲကို ဒီဇင်ဘာလ (၂၄) ရက်နေ့ ည ၇ နာရီမှစတင်၍ မြို့မအားကစားကွင်း၌ သီဆိုကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

တွံ​တေးမြို့နယ်၌ မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ (၂၈) ရက်နေ့၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူး၊ မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် မဲစာရင်းပါရှိပြီးဖြစ်သည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့သည်။

ကျိုက်မရောမြို့နယ်၌ ကြိုတင်မဲပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု

မွန်ပြည်နည် ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွင်း တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင် ရာ တာဝန်ရှိသူများမှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇငိဘာ ၁၈ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်   ဦးကိုကိုလွင် (မွန်ပြည်နယ် တာဝန်ခံ )နှင့်တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌ မဲရုံပြင်ဆင်ထားရှိမှုနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ (၂၅)ရက်နေ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

မြို့သစ်၌ ဒေသထွက် ငရုတ်သီးစိမ်းစျေးအနည်းငယ် ပြန်တက်၊ စိုက်ပျိုးရောင်းချသူများဈေးကောင်းရရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများ သာမက ရာသီအလိုက်ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန်ငရုပ်သီးစိမ်းများအနည်းငယ် ပြန်တက်လာကြောင်း သိရသည်။
Subscribe to