ကျိုက်မရော ဒီဇင်ဘာ ၂၆
မွန်ပြည်နည် ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွင်း တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင် ရာ တာဝန်ရှိသူများမှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇငိဘာ ၁၈ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ် တာဝန်ခံ)နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ)နှင့် တာဝန်ရှိသူများက ရှင်စောပုရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နှင့် ဘိန်းဗျောကျေးရွာအုပ်စုတို့၌ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် တာဝန်ရှိသူများအားတွေ့ဆုံကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ကျိုက်မရော မြို့နယ်အတွင်း၌ အသက်၁၈နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၅၄၈၄၅)ဦးရှိပြီး မဲရုံပေါင်း(၂၈)ရုံရှိကြောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)