မိုင်းပျဥ်း ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ် (၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်တပ်စုမှ မိုင်းပျဥ်းမြို့ရှိ တပ်ရင်းတပ်ဖွဲ့မိသားစုများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ စိတ်အပန်းဖြေ ပျော်ရွှင်စေရေး လာရောက်သီဆိုကပြဖျော်ဖြေပွဲကို ဒီဇင်ဘာလ (၂၄) ရက်နေ့ ည ၇ နာရီမှစတင်၍ မြို့မအားကစားကွင်း၌ သီဆိုကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
သီဆိုကပြဖျော်ဖြေရာ၌ ရှေ့တန်းအမှတ်(၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်တပ်စုမှ ဗိုလ်ကြီးဆိုင်းသု ဦးဆောင်သော အနုပညာရှင်စစ်သည်၊ စစ်သမီးတို့က တေးသီချင်းသီဆို ဖျော်ဖြေရေးအစီအစဉ်များ၊ ယိမ်းအကနှင့် အငြိမ့်ကပြဖျော်ဖြေရေးအစီအစဉ်များ၊ ဟာသပြဇာတ်ဖျော်ဖြေရေးအစီအစဉ်များနှင့် စင်တင်မျက်လှည့်ဖျော်ဖြေရေးအစီအစဉ်များစွာဖြင့် ခင်မင်ရင်းနှီးစွာ ကပြဖျော်ဖြေ တင်ဆက်ခဲ့ရာ အားပေးချီးမြှင့်ရန် ကြွရောက်လာကြသည့် ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်၊ မိုင်းပျဥ်းတပ်နယ်မှူးနှင့် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ မိသားစုဝင်များ၊ မြို့ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ သီဆိုကပြဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ (၂) ရက်တိုင်တိုင် သီဆိုကပြဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)