ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးနေဝင်းအောင် သင်္ဃန်းကျွန်းမြို့နယ်၌ မဲရုံများရှိ မဲပေးစက်များ ခင်းကျင်းထားမှုနှင့် မဲရုံများကွင်းဆင်းကြည့်ရှု့စစ်ဆေး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်သည် သင်္ဃန်းကျွန်းမြို့နယ် (ဇ-တောင်)ရပ်ကွက်အတွင်းရှိ အမှတ် (၂)အခြေခံညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ် (၁) (၂) (၃)နှင့် သင်္ဃန်းကျွန်းမြို့နယ် (င-က) ရပ်ကွက် လေ့ကျင့်ရေး အလယ်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ်(၂)တို့အား ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မဲရုံများအား ကွင်းဆင်းကြည့်ရှု့ခဲ့ကြသည်။