နတ်တလင်းမြိုနယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား One Stop Service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

နတ်တလင်း ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်း၊ နတ်တလင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား One Stop Service ဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းမြို့နယ်ရုံးမှ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအေးလှိုင်၏ ကြီးကြပ်မှုဖြင့် နတ်တလင်းခရိုင်/မြို့နယ်ရုံးမှ ဝန်ထမ်းများက နတ်တလင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အိမ်ထောင်စုဇယားပုံစံ (၆၆/၆) မှာပါရှိပြီး အသက် (၁၈) နှစ်ပြည့်ကာ မှတ်ပုံတင်မပြုလုပ်ရသေးသည့်သူများ၊ (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) မည့် သူများကို မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ကာ မဲပေးနိုင်ရေးအတွက် One Stop Service ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပြုလုပ်ပေးလျက်ရှိရာ နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၆၃၇) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်များ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဝေယံဖြိုး (ပြန်/ဆက်)