မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံအပတ် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

မော်လမြိုင် ဒီဇင်ဘာ ၂၇

လူထုအားကစားလှုပ်ရှား ဆောင်ရွက်မှုတွင်  အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှား အားကစားတွင် စုပေါင်းလမ်းလျှောက်ခြင်းဖြစ်ရာ ဒီဇင်ဘာလူထု အားကစားလ နောက်ဆုံးအပတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)၊ အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများက စုရပ်ဖြစ်သည့် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံရှေ့မှစတင်၍ ကမ်းနားလမ်းတစ်လျှောက် ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခြင်းကို တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျန်းမာရေးကို လိုက်စားသည့် အများပြည်သူများသည် ရာမည အားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်းအဖြစ် လည်းကောင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအဖြစ် လည်းကောင်း အတူတကွ  စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒီဇင်ဘာလူထုအားကစားလ ပျော်ပွဲရွှင်ပွဲ အစီအစဉ် အနေဖြင့် အမှတ်တရဆုမဲများ ဖောက်ပေးခဲ့ကြကာ ဆုရရှိသူများကို ဆုလက်ဆောင် ပစ္စည်များ အအသီးသီးပေးအပ်ခဲ့သည်။

မွန်ပြည်နယ်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် ရည်ရွယ်၍ စုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်းတွင် လူထုအားကစား လှုပ်ရှားမှု အသွင်ဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)