မိတ္ထီလာမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ စည်ကားသိုက်မြိုက်စွာလာရောက် ဆန္ဒမဲပေး

မိတ္ထီလာ  ဒီဇင်ဘာ ၂

မိတ္ထီလာမြို့နယ်၌ ၂ဝ၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၆ နာရီအချိန်က သက်ဆိုင်ရာမဲရုံအသီးသီးတွင်ပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ဆန္ဒမဲပေးကြကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်း  မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများတွင် မဲရုံပေါင်း ၂၃၇ရုံ ရှိပြီး မြို့နယ်အတွင်း မဲပေးနိုင်သည့် မဲဆန္ဒရှင်ပေါင်း ၂၂၆၅၁၉ ဦးရှိကြောင်း သိရသည်။

ချမ်းသာ