အိမ်မဲ ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို (၁၁-၁-၂၀၂၆)ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာ (MEVM) မဲပေးစက်များကို တာဝန်ရှိသူများက ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများကို ပုသိမ်မြို့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့က MEVM မဲပေးစက် ၄၇၉ လုံးနှင့် ဘတ္ထီရီအိုး (၉၅၈) လုံးတို့အားလည်းကောင်း၊ မြောင်းမြမြို့မှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့က MEVM မဲပေးစက် ၆၈ လုံးနှင့် ဘတ္ထရီအိုး (၁၃၃) လုံးတို့အား လာရောက်ပို့ဆောင်ခဲ့ရာ အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ဆွေသက်နှင့်ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးခဲ့ပြီးလက်ခံရယူခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၁၀၂)အုပ်စု၊ ကျေးရွာခွဲ (၅၀၅) ရွာမှ မဲဆန္ဒရှင်စုစုပေါင်း (၁၃၁၆၅၀)ဦးရှိပြီး မဲရုံစုစုပေါင်း (၁၁၂)ရုံ တွင် MEVM မဲပေးစက် (၅၅၉)လုံးအသုံးပြု၍ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ချစ်သက်လယ်