ပေါင်းတည်၌ ခေတ်မီစံပြကျေးရွာ ထူထောင်နိုင်ရေး အသိပညာပေးဟောပြော

ပေါင်းတည် ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ခေတ်မီစံပြကျေးရွာထူထောင်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ကျေးလက်ပြည်သူများ တက်ရောက်ကြသည်။

အဆိုပါဟောပြောပွဲကို ကျေးလက်နေပြည်သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသကွာဟမှု နည်းပါးလာစေရေးနှင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရေးတို့အတွက် ကျေးလက်ပြည်သူများအား လူမှုကာကွယ်ရေးဆိုင်ရာများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူးများက အသိပညာပေးဟောပြောခဲ့ကြကြောင်းသိရသည်။

ရွှေသား(IPRD)