ကန့်ဘလူမြို့၌ U- 25 နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက U- 25 နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲကို ကန့်ဘလူမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါနေ့က မြင့်မိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းနှင့် အထက(ခွဲ)ညောင်အိုင် အသင်းတို့ယှဥ်ပြိုင်ကစားရာ အထက(ခွဲ)ညောင်အိုင်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။ U- 25 နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း လေးသင်းယှဥ်ပြိုင်ပြီး ပတ်လည်စနစ်ဖြင့် အမှတ်အများဆုံးအသင်းများက ပထမ၊ ဒုတိယ နှင့်တတိယဆု ချီးမြှင့်ပေးအပ်မည်ဖြစ်ကာ ဆုရအသင်းများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် တာဝန်ရှိသူများက ပေးအပ်သွားမည်ဖြစ်ကြောင်း ကန့်ဘလူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း