သာယာဝတီ ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သဖြင့် သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီများ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ဗဟိုမဏ္ဍပ်ဆောက်လုပ်ရေးကိစ္စရပ်များ သင်္ကြန်ပွဲတော်အတွင်း ရေရရှိရေးကိစ္စများ စတုဒီသာကျွေးမွေးရေးကိစ္စများ သင်္ကြန်ယိမ်းအက ဆောင်ရွက်ရမည့်ကိစ္စများ သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများအား တက်ညီလက်ညီ ပူးပေါင်းဆာင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးလုပ်ငန်းကော်မတီအသီးသီးမှ ဗဟိုမဏ္ဍပ်တည်ဆောက်ရေး လုံခြုံရေး၊ ယိမ်းအဖွဲ့များဖြင့် ဖျော်ဖြေရေး၊ အခမ်းအနား ပြင်ဆင်ဆောင်ရွက်ရေးနှင့်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)