ညောင်တုန်းမြို့ အမှတ်(၉၀၅)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၌ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို  မတ် ၃၀ ရက်နေ့နံနက်ပိုင်းက အမှတ်(၉၀၅)စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၌ ဆောင်ရွက်ခဲ့သည်။

လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံရေဆေးပန်းချီသင်တန်း (၁/၂၀၂၆) ဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လာရှိုးခရိုင်ရုံးက ကြီးမှူး၍ အခြေခံရေဆေးပန်းချီသင်တန်း (၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို  ယမန်နေ့က လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ သင်တန်းခန်းမ၌ ကျင်းပသည်။

တနိုင်းမြို့နယ် လူထုအခြေပြုဗဟ်ိုဌာန ခန်းမ၌စာအုပ်ပြပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

တနိုင်းမြို့နယ် ​​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်ပြပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို မတ် ၃၀ ရက်နေ့ ၁၁ နာရီတွင် ကျင်းပပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်၌ လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲနှင့် VDP စီမံကိန်းကျေးရွာ ရွေးချယ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲနှင့် VDP စီမံကိန်းကျေးရွာရွေးချယ်ပွဲအခမ်းအနားကို မတ် ၃၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါဦးစီးဌာနရုံးအစည်းအ‌ဝေးခန်းမတွင် ကျင်းပသည်။

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တ‌လေး) (၂၂)ကြိမ်မြောက်နှင့် (၂၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တ‌လေး)၏ (၂၂)ကြိမ်မြောက်နှင့် (၂၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို မတ် ၃၁ ရက် နံနက်ပိုင်းက မန္တလေး မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်ဘွဲ့နှင်းခန်းမတွင် ကျင်းပသည်။

ပုဇွန်တောင်မြို့နယ်၌ ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်နှင့် စတုဒိတာမဏ္ဍပ်များ ဆောက်လုပ်ရန်နေရာများ ကွင်းဆင်းစစ်ဆေး

၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြို့တော်အင်္ဂါရပ်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က လမ်းလျှောက်သင်္ကြန်နှင့် စတုဒိတာမဏ္ဍပ်များ ဆောက်လုပ်ရန်နေရာများ လျာထားခြင်းနှင့် ရေရရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

မြဝတီမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပ

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှု​ဝန်ကြီး ဌာန၊သာသနာရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ တတိယနေ့ကို ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီ ဗိမာန်တော်စာဖြေဌာန၌  ယနေ့ မွန်းတည့် ၁၂ နာရီက အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်ကို  ဆက်လက်ဖြေဆိုသည်။

တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးသင့်ပြည်သူအား ထောက်ပံ့ပစ္စည်း ၁၈ မျိုးနှင့် အလှူငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကျွဲကန်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာ မီးဘေးသင့်ပြည်သူ ​​ဒေါ်နီနီ၏ နေအိမ်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်း ၁၈ မျိုးနှင့် အလှူငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့နယ် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဖြေဆို

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မဟာတိလောကရာမကျောင်းတိုက် လေးထပ်ကျောင်းဆောင်၌ မတ်လ(၃၀)ရက်နေ့ မွန်းတည့်(၁၂)နာရီမှ ညနေ(၃)နာရီထိ ဒုတိယနေ့ ဖြေဆိုကြောင်း သိရသည်။
Subscribe to