ဖြူး ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ နွေစပါးနှင့် စိုက်ပျိုးသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နေရောင်ခြည်သုံး ဆိုလာရေတင်စနစ်ဖြင့် မင်းကံရိုးကျေးရွာ ဧရိယာအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ထားပြီး ရေပေးဝေစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း နွေစပါး (၁၇၃၈၉)ဧကအတွက် ဆည်ရေ၊ အင်းအိုင်ရေ၊ ချောင်းပိတ် မြောင်းပိတ်စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး ပိုမိုရေပေးဝေစိုက်ပျိုးနိုင်ရေး တစ်နာရီလျှင် ရေဂါလံ ၂၀၀၀၀ ခန့် ထွက်ရှိပြီး တစ်နေ့လျှင် (၆)နာရီခန့် ရေဖြန့်ဝေပေးနိုင်သော ဆိုလာရေတင်စနစ်ဖြင့် နွေစပါး (၅)ဧကနှင့် ပိုက်ဆံလျှော် (၅)ဧကခန့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)