ကြို့ပင်ကောက် ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အ.ထ.က(ကြို့ပင်ကောက်) ကျောင်း ရွှေညီလာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို အထက(ကြို့ပင်ကောက်)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးစိုးမင်းအာင်က ပညာရေးစုံညီပွဲတော်များ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် မြို့နယ်အတွင်းရှိပညာရေးနှင့် ပတ်သက်သောအခြေအနေတို့ကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အတွင်းအခြေခံပညာကျောင်းများမှ ပညာရည်ချွန်ဆုရ ကျောင်းသား ကျောင်းသူများနှင့် ကာယ၊ ဉာဏကဏ္ဍအသီးသီး၌ ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ ၊ တက္ကသိုလ်ဝင်တန်း အောင်ချက်အကာင်းဆုံး အခြေခံပညာကျောင်းအုပ်ဆရာကြီး ဆရာမကြီးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ကြို့ပင်ကောက်မြို့တွင် အခြေခံပညာကျောင်း (၁၇၁) ကျောင်းကိုယ်ပိုင်ကျောင်း(၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်းတို့တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၅၀၀၀)ဦးခန့်အား ပညာရေးဝန်ထမ်းနှင့် ဆရာဆရာမများအင်အား ၁၁၀၀ ဦးတို့မှ ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)