ကျိုက်ထို ဇန်နဝါရီ ၃
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရာပြည့်ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၂)အခြေပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “စုံညီပွဲတော်တို့ နွှဲပျော်”သီချင်းဖြင့်သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ အထက(ရွှေဥဩ)ကျောင်းမှ ကျောင်းသူလေးများက “ရပါတယ်ရှင်ရပါတယ်ရှင်” ထားဝယ်အကဖြင့် ကပြဖော်ဖြေပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ် ဝင်တန်းမြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးဆုရရှိသော ကျောင်းများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများ၊အပြည်ပြည် ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများ၊ မူလတန်းအဆင့်ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများ၊ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့်လူရည်ချွန်ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/သူများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများ၊ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ (Physical Dance) နှင့်ကာယပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများ၊ (၁၀၅)နှစ်မြောက် အမျိုးသားနေ့ အောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/သူများအား ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “ဘက်စုံပညာရေးတို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။
ပြည့်ဖြိုး