တပ်ကုန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲတွင် ဗိုလ်မင်းရောင်ရပ်ကွက်အသင်းမှ ကစားသမားတစ်ဦး အကောင်းဆုံးဆုရရှိ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကျင်းပ ယှဉ်ပြိုင်လျက်ရှိရာ ဗိုလ်မင်းရောင် ရပ်ကွက်အသင်းနှင့်ရှားတောကျေးရွာအသင်းတို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည်။