ကော့ကရိတ် ဇန်နဝါရီ ၃
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကော့ကရိတ်မြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ရာ မဲပေးမည့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် ပြောင်းရွေ့တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းနှင့် သင်တန်းတက်ရောက်မည့်ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက်၊ မိုးလုံလေလုံမြို့မအားကစားရုံ၌ ယာယီဖွင့်လှစ်ထားသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ကြသည်။
ထိုသို့ ကြိုတင်ဆန္ဒမဲပေးရာတွင် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကဒ်နှင့် သက်ဆိုင်ရာဌာန အသီးသီးမှထုတ်ပေးသည့် ဝန်ထမ်းကဒ်အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူပြီး မိမိတို့ဆန္ဒအလျောက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုခန်းတွင် ဆန္ဒမဲပေးခြင်းတို့ကို ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)